ဘဝ ကို အဓိပ္ပာယ် ရှိရှိ ရှင်သန်ကြမယ်
ဘဝရဲ့အဓိပ္ပာယ်ဆိုတာ ဘာလဲ။ မေးခွန်းကတိုပေမယ့် အဖြေအတိအကျထွက်ဖို့ မလွယ်ပါဘူး။ ကိုယ့်အတွက် အရေးပါတဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့အတွက်တော့ ဒီထက်ပိုပြီး နက်နက်တူးဆွပြီး ပိုတိကျ၊ အသေးစိတ်တဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးဖို့လိုပါတယ်။ ကိုယ့်အတွက် ဘာအရေးကြီးလဲ၊ ကိုယ်တကယ်ကျွမ်းကျင်တဲ့အရာက ဘာလဲ၊ ကိုယ့်ရဲ့ ဖြစ်နိုင်ခြေ အလားအလာက ဘာလဲ အရင်ဆုံး တွေးပါ။







