မင်းဘူးမြို့၌ ကိုရိုနာဗိုင်းရပ်စ် (COVID -19) ရောဂါကူးစက်မှုမှကာကွယ်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ကိုရိုန်ဗိုင်းရပ်စ်(COVID-19) ရောဂါကူးစက်မှုမှ ကာကွယ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ပြည်သူလူထုအတွင်း Hand Speaker/ Loud Speaker များ အသုံးပြု၍ ပြောကြားရမည့် ကျန်းမာရေးပညာပေးအချက်အလက်များ

မိုးညှင်းမြို့ရှိ မီးရထားဘူတာရုံတွင် ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးရထားဘူတာရုံတွင် ခရီးသည်များအား အပူချိန်တိုင်းတာ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဆောင်ရွက်ခဲ့သည်။
ကျိုက်မရောသို့ ဝင်ရောက်လာသည့် ခရီးသွားများအား ကျန်းမာရေးစစ်ဆေးရန် ကိုယ်အပူချိန်တိုင်းစက်များ လှူဒါန်း
ကျိုက်မရော မြို့နယ်အတွင်း လာရောက်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များနှင့် ခရီးသွားပြည်သူများအား COVID- 19 ကူးစက်ရောဂါ စောင့်ကြပ်ကာကွယ်ပေးရန် မော်လမြိုင်မြို့မှ အလှူရှင် ၃ဦးက အပူချိန်တိုင်းစက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်တွင် ထိုင်းနိုင်ငံမှ လူဉီးရေ  ၁၀၇ ဦး ပြန်လည်ရောက်ရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသော လူဉီးရေ ၁၀၇ ဦးအား မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းဆောင်များတွင် ၁၄ ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine)ကို ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် COVID-19 စောင့်ကြည့်လူနာတွေ့ရှိခဲ့ပါက ထားရှိရန် ပြည်သူ့ဆေးရုံ သံဃာဆောင် သန့်ရှင်းရေးပြုလုပ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ပြည်သူ့ဆေးရုံတွင် COVID-19ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် စောင့်ကြည့်လူနာတွေ့ရှိခဲ့ပါက ထားရှိရန် အဆိုပါဆေးရုံအတွင်းရှိ သံဃာဆောင်အား ယမန်နေ့က သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား မေတ္တာရပ်ခံပန်ကြားချက်