တန့်ယန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19 ) အဆုပ်ရောင်ရောဂါ ကာကွယ်တားဆီးရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (COVID-19) အဆုပ်ရောင်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အဆောက်အဦများတွင် ပိုးသတ်ဆေးဖျန်းခြင်းကို မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြသည်။







