မော်လမြိုင်ကျွန်းမြို့နယ်တွင် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အလှူငွေပေးအပ်

ဧရာဝတီတိုင်ဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကတင်(၁၀ဝ)ဆေးရုံကြီးတွင် ယမန်နေ့၊ မွန်းလွဲ  ၂ နာရီက  COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပဆောင်ရွက်သည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌  သားငါးရောင်းချနေသည့်ဈေးသည်များအား  ကိုရိုနာဗိုင်းရပ်ရောဂါကြိုတင်ကာကွယ်ရေး  ကွင်းဆင်းပညာပေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ပြည်သူများ သားငါးထုတ်ကုန်များမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဈေးကော်မတီ အဖွဲ့ဝင်များ နှင့် ပူးပေါင်း၍ မတ် ၂၆ ရက် ၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး သားငါးများ ရောင်းချသည့် ဈေးသည်များအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ချင်းပြည်နယ်အတွင်း မြို့နယ်(၉)မြို့နယ်ရှိ အချုပ်ခန်းများတွင်  COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ သိရှိရ
ချင်းပြည်နယ်အတွင်း မြို့နယ်(၉)မြို့နယ်ရှိ အချုပ်ခန်းများတွင်  လတ်တလော ဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် အချုပ်ခန်းများတွင် ရောဂါပိုးကာကွယ်ဆေးများဖြန်းခြင်း၊ အချုပ်သားများအား ရောဂါပိုးစစ်ဆေး ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ်ရဲမှူး ဌေးဝင်း၏ ပြောကြားချက်အရ သိရှိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် ဒီကိုဂျင်တို့ပူးပေါင်း၍ လက်သန့်ဆေးရည်ဘူး ၂၀ဝ၀ လှူဒါန်း 
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ ကားမှတ်တိုင်များ၊ ဈေးများ၊ လမ်းဆုံ လမ်းခွများတွင် ယနေ့နံနက် ၁၁ နာရီက မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် Decolgen တို့ပူးပေါင်း၍ လက်သန့်ဆေးရည်ဘူး ၂၀ဝ၀ အား မေတ္တာလက်ဆောင်အဖြစ် လိုက်လံပေးဝေပြီး Covid-19 ရောဂါနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
လေးမျက်နှာမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်း၊ လက်ဆေးဘေစင်များ တပ်ဆင်ထားရှိခြင်းကို မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် မြို့နယ်ကုသ‌ရေးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့က ဆောင်ရွက်ခဲ့ ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးအောင်သန်းထွန်းထံမှ သိရသည်။
ရေကြည်မြို့ အ.ထ.က(၁)တွင် စောင့်ကြည့်လူနာများထားရှိရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်း ပြည်ပမှပြန်လာသော မိသားစုဝင်များအား စောင့်ကြည့်လူနာအဖြစ်အဆင့် A.B.C သုံးဆင့်ခွဲခြား၍(၁၄)ရက်ကြာ စောင့်ကြည့်မည်ဖြစ်သဖြင့် အဆိုပါစောင့်ကြည့်လူနာများအား ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)တွင် ထားရှိရန်နေရာများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
ကသာမြို့အတွင်းသို့  ပြန်လာသော ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများပူးပေါင်း၍ ကသာ မြို့အတွင်းသို့ ပြန်လာသော ခရီးသွားပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် မတ်လ ၂၅ ရက် ညနေ ၄ နာရီက ကသာမြို့အဝင်မုခ်ဦးတွင် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။