အခုခေတ်လို စမတ်ဖုန်းတွေ၊ တယ်လီဗေးရှင်းတွေ အရမ်းအားကောင်းလာတဲ့ အချိန် မျိုးမှာ ကလေးတွေ ငယ်ငယ်လေးနဲ့ မျက်စိအားနည်းလာတာတွေ့ရပါတယ်။ တချို့ဆို မူလတန်းအရွယ်ကတည်းကတောင် မျက်မှန်စတပ်လာရပါတယ်။ အနီးမှုန်၊ အဝေးမှုန်ဖြစ်တာကို မျက်မှန်တပ်ပြီး ကြည့်ရအဆင်ပြေအောင် လုပ်နိုင်ပေမယ့် ကလေးရဲ့မျက်လုံးအားနည်းနေပြီလား ဆိုတာကို ဘယ်လိုသိနိုင်ပါမလဲ။ အခုပြောပြ ပေးမယ့် အချက်လေးတွေကို သတိထားကြည့်ပြီး မိမိကလေးမှာ မျက်စိပြဿနာ တစ်ခုခုရှိနေသလား ဆိုတာကို အကြမ်းဖျင်းဆန်းစစ်နိုင်မှာပါ