ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ သားငါးရောင်းချနေသည့်ဈေးသည်များအား ကိုရိုနာဗိုင်းရပ်ရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းပညာပေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ပြည်သူများ သားငါးထုတ်ကုန်များမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဈေးကော်မတီ အဖွဲ့ဝင်များ နှင့် ပူးပေါင်း၍ မတ် ၂၆ ရက် ၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး သားငါးများ ရောင်းချသည့် ဈေးသည်များအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။







