COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် မိတ္ထီလာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အလှူရှင်များက လှူဒါန်းငွေကျပ် ၈၄ သိန်းကျပ် ပေးအပ်လှူဒါန်း
မိတ္ထီလာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်လျက်ရှိသည့် အထောက်အကူပြုပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များက လှူဒါန်းငွေကျပ် ၈၄ သိန်း ပေးအပ်လှူဒါန်းပွဲကို မတ်လ ၂၅ ရက် ညနေ ၃ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။








