မှတ်ပုံတင်ရရှိထားသော်လည်း အနောက်တိုင်းဆေးရောနှောသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်

မှတ်ပုံတင်ရရှိထားသော်လည်း အနောက်တိုင်းဆေးရောနှောသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်
တန့်ယန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19 ) အဆုပ်ရောင်ရောဂါ ကာကွယ်တားဆီးရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (COVID-19) အဆုပ်ရောင်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အဆောက်အဦများတွင် ပိုးသတ်ဆေးဖျန်းခြင်းကို မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်  ခင်ဦး၊ ရေဦးနှင့် ဒီပဲယင်းမြို့နယ်များတွင် COVID 19 နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှုတို့အား ကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌများနှင့်အတူ ယနေ့ နံနက် ၇ နာရီခွဲက ရွှေဘိုခရိုင်အတွင်းရှိ  ခင်ဦး၊ ရေဦး၊ ဒီပဲယင်းမြို့နယ် များတွင် COVID 19 ရောဂါနှင့် ပတ်သက်၍  ကြိုတင်ပြင်ဆင်ထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မူဆယ်တွင် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များအတွက် ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်းရှိ ပြည်သူလူထုများ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ နှင့် ပရဟိတအသင်းအဖွဲ့များအတွက် ငွေကျပ် ၁၀,၈၂၀,ဝ၀ဝ တန်ဖိုးရှိ  ဆက်စပ်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လာရောက်ပေးအပ်လှူဒါန်းသည်။
ဟိုင်းကြီးကျွန်းမြို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ခရီးသွား ပြည်သူများကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်လမ်းနှင့် အမှတ်(၃)ရပ်ကွက် ဆိပ်ကမ်းတို့တွင် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို  ယခုလ ၃၀ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လေးမျက်နှာမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် -၁၉ ပြင်းထန်အဆုတ်ရောင်ရောဂါအား ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ယနေ့ နံနက် ၆ နာရီမှ စတင်၍ ဈေးများအတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ ဈေးသူ၊ ဈေးသားများအား ကျန်းမာရေးအသိပညာပေးခြင်း၊ စောင့်ကြည့်စင်တာများအား ရေသန့်ဘူးများ လှူဒါန်း ခြင်းတို့ကို  ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉  ထပ်မံကူးစက်ခံရသူ ၇၈ ဦး၊ စုစုပေါင်း ၉၆၆၁ ဦး ရှိလာ
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၇၈ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၉၆၆၁ ဦး အထိရှိလာသည်ဟု ဖော်ပြထားသည်။