ဆောင်းတွင်းမှာ အနာကျက်နှေးတယ်ဆိုတာ အမှန်ပဲလား
ရာသီဥတုကအေးနေရင် အရေပြားမှာပြဿနာသိပ်များတာ သိကြမှာပါ။ ဒီအတိုင်းနေရင်းတောင် အသားပပ်ရတာနဲ့၊ နှုတ်ခမ်းကွဲတာလိုမျိုး အက်ကွဲတာတွေဖြစ်နေကြတာ၊ အနာဖြစ်လည်း တခြားအချိန်တွေထက် အနာကျက်နှေးတာကြုံဖူးကြမှာပါ။အေးတတ်တဲ့ မိုးနဲ့ဆောင်းရာသီတွေမှာ အအေးမိ၊တုပ်ကွေးတွေ အဖြစ်များကြသလို ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ သက်ဆိုးရှည်တဲ့ရာသီဥတုကိုဖန်တီးပေးလေ့ရှိပါတယ်။ ဒီလိုမျိုးတွေအတွက် ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ်က ခုခံနေရတဲ့အတွက် ဒီဘက်မှာ အနာပိုးဝင်နိုင်ခြေများစေတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်








