မိခင်နို့နဲ့ ဓါတ်မတည့်တဲ့ ကလေး ရှိလား
မေမေတို့ရဲ့အသွေးအသားကနေ ဖြစ်တည်လာတဲ့ နို့ရည်ကဘေဘီတို့အတွက် နတ်သုဒ္ဓါပါပဲ။ အစာအာဟာရတွေ မရနိုင်သေးတဲ့ ကလေးလေးတွေအတွက်ပြီးပြည့်စုံတဲ့အာဟာရဓါတ်တွေကို တစုတည်းရရှိနိုင်တဲ့ အလွယ်ကူဆုံးအရင်းအမြစ်ပါနော်။ နို့ရည်မှာပါတဲ့အာဟာရဓါတ်တွေက ကလေးရဲ့ကျန်းမာရေး၊ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ကိုယ်ခံအားစနစ်တို့အတွက် အကျိုးကျေးဇူး သိပ်ကိုများပါတယ်။ မေမေတို့ရဲ့သွေးထဲမှာလည်ပတ်နေတဲ့အာဟာရဓါတ်တွေက နို့ရည်အဖြစ် ပြောင်းလဲရောက်ရှိသွားတာဖြစ်တဲ့အတွက်မေမေတို့က အာဟာရပြည့်တာပိုစားလေ ကလေးဆီကို ပိုရောက်နိုင်လေဖြစ်ပါတယ်။ အလားတူပဲ ကျန်းမာရေးနဲ့မညီတာစားရင်တော့ ကလေးမှာ ဝေဒနာသက်ရောက်နိုင်ပါတယ်








