ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကိုပိုင်းခြားထားတဲ့ ကြွက်သားတစ်ခုရှိပါတယ်။ Diaphragm လို့ခေါ်ပါတယ်။ မြန်မာလိုတိုက်ရိုက်ဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားပေါ့။ ဒီကြွက်သားကအသက်ရှူတဲ့လုပ်ငန်းစဉ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီကြွက်သားက ထိန်းချုပ်လို့မဟုတ်ဘဲ သူ့အလိုအလျောက် ညှစ်တဲ့အခါ အသံအိုးကိုပါ ရုတ်တရက်ပိတ်ပိတ်သွားပြီး “အေ့” ဆိုတဲ့အသံနဲ့ ကြို့ထိုးတယ်ဆိုတာ ဖြစ်လာ