ဘယ်ဘက်လက်တစ်ခြမ်း ထုံနေတာ နှလုံးကြောင့်ပဲလား
ဘယ်ဘက်လက်ကထုံလာတယ်ဆိုရင် ငါများလေဖြတ်တော့မှာလား၊ နှလုံးရောဂါများဖြစ်နေပြီလားလို့ စိုးရိမ်ကြပါတယ်။ တကယ်တော့ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်နော်။ အိပ်စက်တဲ့ပုံစံကြောင့်(ဥပမာ -တစ်ခြမ်းတည်းစောင်းပြီး ဖိအိပ်မိလို့)လည်းဖြစ်နိုင်သလို နှလုံးရုတ်တရုတ် ရပ်ဆိုင်းမှုအန္တရာယ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။








