၄ နှစ် နှင့် ၅ နှစ် ကလေးငယ်များအတွက် အစားအသောက်နှင့် အာဟာရ
ကလေးတွေဟာ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေစားရတဲ့အခါမှာ ပိုပြီးနေကောင်းကြပါတယ်။ မူကြိုနဲ့ သူငယ်တန်းအရွယ်တွေမှာ သင့်ရဲ့ကလေးဟာ အခြားသော မိသားစုဝင်တွေစားတဲ့ အစာအတိုင်း စားသင့်နေပါပြီ။ သင့်ရဲ့တာဝန်ကတော့ ကလေးအတွက် ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ အာဟာရ ပြည့်ဝတဲ့အစာတွေကို ဖန်တီးဖို့နဲ့ စားချိန်မှန်အောင် အချိန်တစ်ခု သတ်မှတ်ပေးဖို့ပါပဲ။ သင့်ကလေးတွေဟာ သူတို့ဆာ၊မဆာဆိုတာနဲ့ ရလာတဲ့ခွဲတမ်းကို ဘယ်လောက်များများစားမလဲဆိုတာကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ