ဘေဘီလေးက မတ်တတ်စမ်းပြီး မကြာခင်လမ်းလျှာက်တော့မယ်ထင်တယ်ဆိုရင် ဖေဖေမေမေတွေ စိတ်ထဲမှာတွေးနေမယ့်အကြောင်းက ဘာများဖြစ်မလဲ။ ငါ့သားလေးကိုတော့ဖြင့် ငါ့သမီးလေးကိုတော့ဖြင့် ဖိနပ်လှလှလေးဝယ်ပေးမယ်ဆိုတဲ့ စိတ်ကူးဖြစ်မှာပေါ့။ ဘေဘီလေး လမ်းမလျှောက်တတ်ခင်ကတည်းက ဖိနပ်တွေကို ကြိုကြည့်ထား ကြိုဝယ်ထားတဲ့ ဖေဖေမေမေတွေတောင်ရှိရင်ရှိနေမှာပါ။ ဒီတစ်ခေါက်တော့ လမ်းစလျှောက်မယ့် ဘေဘီလေး အတွက် အသင့်တော်ဆုံးဖြစ်မယ့် ဖိနပ်တစ်ရံကို ဘယ်လိုရွေးကြမလဲဆိုတာ ပြောပြပေးမယ်နေ