လူကြီးတွေကတော့ ကလေးဝရင် ကျန်းမာတယ်ပဲ မြင်တတ်ကြတာပါပဲ။ တကယ်တော့ အသက်အရွယ်တိုင်းမှာ သူ့ဟာနဲ့သူ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်စံနှုန်းတွေဆိုတာ ရှိပါတယ်။ ဒီစံနှုန်းထက် နည်းလွန်းတဲ့ ကလေးတွေကျတော့လည်း ကြီးထွားဖွံ့ဖြိုးမှုနှေးတယ်၊ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ပိန်ကပ်ပြီး သေးညှက်နေတယ်၊ စံနှုန်းထက်ကျော်ပြီး အရမ်းဝနေတဲ့ ကလေးကျတော့လည်း ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်။ သူ့ရဲ့ ကိုယ်ခန္ဓာကြောင့် အတန်းထဲမှာ တခြားကလေးတွေရဲ့ စတာနောက်တာ ခံရနိုင်တယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့ရင်သွေးလေးကို အဝမလွန်စေဖို့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘာတွေများများကျွေးသင့်လဲဆိုတာ ပြောပြပေးချင်ပါ