ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေထွက်လာလို့ စိတ်ညစ်နေပြီလား
ဝက်ခြံဆိုတာ အလှအပနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်နေတဲ့ သူတွေအတွက်တော့ တကယ့်အိပ်မက်ဆိုးပါပဲ။ အရေပြားပေါ်က နီနီရဲရဲအဖုတွေကြောင့် ငါအရမ်းများ ရုပ်ဆိုးနေပြီလားဆိုပြီး လူမြင်ကွင်းထဲသွားတဲ့အခါ ကိုယ့်စိတ်ထဲ မလုံသလို ဖြစ်နေရတယ်။ ဒါ့အပြင် လက်နဲ့မတော်တဆလေးများ ကုတ်မိလိုက်လို့ လက်သည်းထဲက ပိုးဝင်သွားရင် အနာက တော်ရုံနဲ့မကျက်တော့ဘဲ ပိုဆိုးသွားနိုင်သေးတယ်
ဆေးလိပ်သောက်တာကြောင့် အသားအရေတွေပျက်စီးနေပြီလား
ဆေးလိပ်သောက်တာကြောင့် နှုတ်ခမ်းအပါအဝင် အသားအရေတွေပျက်စီးနေပြီလား။ မပျက်စီးဘူးလို့တော့ မပြောနဲ့နော်။ ဆေးလိပ်သောက်ရင် အဆုတ်ပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်း တော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်တဲ့ အစိတ်အပိုင်းတွေထဲမှာ အသားအရေကလည်း တစ်ခုအပါအဝင်ပါ။ အခုလောလေဆယ်မှာ မပျက်စီးသေးရင်တောင် အချိန်ကြာလာတာနဲ့အမျှ အသားအရေက ပျက်စီးလာမှာပါ။ ကိုယ်တိုင်သောက်တာမပြောနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကတောင် အသားအရေကို တော်တော်လေး ထိခိုက်စေနိုင်တာပါ
အခွံမခွာပစ်သင့်တဲ့ အသီးနဲ့ဟင်းချက်သီးနှံ(၆)မျိုး
သစ်သီးခွဲမယ်၊ ပြင်ဆင်မယ်ဆို အခွံတွေအကုန်ခွာကြတာပဲ။ အခွံတွေဟာ အရသာလည်း သိပ်မရှိဘူး၊ အာဟာရလည်းမဖြစ်နိုင်ဘူး၊ အပိုသက်သက်ပဲလို့ လွှင့်ပစ်ကြတာများပါတယ်။ တကယ်တော့ တချို့အသီးတွေနဲ့ ဟင်းချက်သီးနှံတွေရဲ့ အခွံတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း၊ အမျှင်ဓါတ်နဲ့ သတ္တုဓါတ်တွေက အတွင်းသားမှာထက် ပိုပါနေတတ်ပါတယ်။ အခွံမခွာထားတဲ့ အသီးတွေမှာ အမျှင်ဓါတ် ၃၃ ရာခိုင်နှုန်းအထိ ပိုများနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းပမာဏဆိုရင် အသားမှာထက် ၃၂၈ ဆအထိ ပိုများနိုင်တယ်လို့တောင် သုတေသီတွေက ဆိုကြ
ဗိုက်ခွဲမွေးတဲ့မေမေတွေ အနာအမြန်ကျက်ပြီး သက်သာလာစေဖို့

ဖယောင်းသွင်းထားသလို ဆံသားပျော့ပျောင်းသွားစေမယ့် သဘာဝပေါင်းဆေး(၃)မျိုး
ဆံသားကို သေချာဂရုမစိုက်တာ၊ နေရောင်ခြည်နဲ့ထိတွေ့မှုများတာနဲ့ ဓာတုပစ္စည်းတွေသုံးတာတွေ များလာရင် ဆံကေသာကို ထိခိုက်ပျက်စီးစေတာပေါ့။ ဆံသားကို ပြုပြင်ထိန်းသိမ်းပေးမှ ပြန်လည်ကျန်းမာစေပြီး ပုံကျလှပနိုင်မှာပါ။
ကမ်းခြေသွားမယ် သံပခြုပ်စားမယ်
ကမ်းခြေသွားရင် သံပခြုပ်တွေ လာလာရောင်းတာ တွေ့ဖူးမှာပေါ့။ ဓါးလေးနဲ့ခွဲ၊ အတွင်းကအနှစ်တွေကို ဖန်ခွက်အသေးလေးထဲခြစ်ထည့်ပြီး သံပရာရည် ညှစ်သောက်ကြတာပါ။ အရမ်းအားရှိတယ်လို့တော့ပြောတာပဲ။