မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကြီးမှူးကျင်းပသည့် ဒေသအလိုက် ပိုလီယို ကာကွယ်ဆေးနှင့် ဝက်သက် - ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲကို သြဂုတ် ၂၁ ရက် နံနက် ၁၀ နာရီက ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။