မန္တလေးတွင် H1N1 ရာသီတုပ်ကွေးရောဂါပိုး သံသယရှိသူ ၆ ဦးအနက် နှစ်ဦးတွင် ရောဂါပိုးတွေ့ရှိ
မန္တလေး H1N1 ရာသီတုပ်ကွေးရောဂါ သံသယရှိသူလူနာ (၆)ဦးရှိသည့်အနက် (၂ )ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်ထံက သိရသည်။