လူအများဟာ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ရာမှာ အဆီဓာတ်များတဲ့ အစားအစာများကို ရှောင်ကြပါတယ်။ ဒါဟာ ယေဘုယျအားဖြင့် လိုက်နာသင့်တဲ့ အချက်ဖြစ်ပါတယ်။ အဆီဓာတ်ကို လိုတာထက်စားသုံးခြင်းအားဖြင့် ရောဂါအချို့ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီအယူအဆကို တရားသေ သတ်မှတ်ခြင်းအားဖြင့် အဆီဓာတ်နဲ့ ကိုလက်စထရောကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းဟာ ရောဂါပေါင်းစုံကို ဖြစ်စေနိုင်တယ်လဆိုပြီး လုံးဝရှောင်ကြဉ်လာကြပါတယ်။