ရာသီဥတုကပေးတဲ့ သဘာဝအန္တရာယ်တွေထဲမှာ မိုးနဲ့ မိုးကြိုး ဆိုတာ အမြဲတတွဲတွဲနဲ့ရယ်။ မိုးတွေ မှောင်လာပြီဆို မိုးခြိမ်းသံနဲ့ လျှပ်စီးလက်တာတွေ ပါလာတတ်ပါတယ်။ မိုးခြိမ်းသံ ကြားတာနဲ့ အိမ်ထဲနေရင်းတောင် နေစရာမရှိအောင် ကြောက်လန့်နေတတ်သူတွေ ကိုယ့်အနီးအနားမှာ ရှိတယ်မဟုတ်လား။