မြိတ်ခရိုင်ကျွန်းအခြေပြု ခရီးသွားလုပ်ငန်းကို ဇန်နဝါရီလ ဒုတိယပတ်တွင်ဒေသတွင်း ဧည့်သည်များဖြင့် စတင်မည်ဟုဆို
ဇန်နဝါရီလဒုတိယပတ်တွင် စတင်ဖွင့်လှစ်တော့မည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒုံးကျွန်းပေါ်တွင်ရှိသော ဒုံးညောင်းမှိုင်းကျေးရွာ၌ ကျွန်းအခြေခံသည့်ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism- CBT) ကိုဒေသတွင်း ခရီးသွားဧည့်သည်များဖြင့် စတင်သွားမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့ထံမှ သိရသည်။
ဘောလခဲမြို့ရှိ ပွန်ချောင်းရေ စံချိန်တင်ကျဆင်းလျက်ရှိ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ရှိ ပွန်ချောင်းရေသည် ထူးကဲစွာ ကျဆင်းနေပြီး ရေအောက် ကျောက်ဆောင်များ ပေါ်ထွက်သည့်အထိ ဖြစ်ပေါ်နေသည်။
လေ့လာဖူးမြော် ရန်အောင်မြင်စေတီတော်
အင်းဝမြို့ဟောင်းသည် စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှုဇုန်နယ်မြေဖြစ်ပြီး နိုင်ငံတကာ ခရီးသွားဧည့်သည်များ အားထားလေ့လာသည့် နေရာတစ်ခုပင်ဖြစ်သည်။ အင်းဝမြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့မြောက်ဘက် ၂ မိုင် ၄ ဖာလုံ၊ မန္တလေးမြို့အနောက် တောင်ဘက် မိုင် ၂၀ အကွာတွင် တည်ရှိသည်။
COVID-19 ကာလအလွန် လည်ပတ်နိုင်မည့် ခရီးစဉ်တွင် ပါဝင်သည့် မင်းတပ်မြို့နယ် လှတွီကျေးရွာ၌ စိတ်ဝင်စားဖွယ် Trekking လမ်းကြောင်းနှင့် သဘာဝအလှအပ မြောက်မြားစွာ တည်ရှိ
COVID-19 ကာလအလွန် လည်ပတ်နိုင်မည့် ခရီးစဉ်တစ်ခုအဖြစ် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် လှတွီကျေးရွာတွင် စိတ်လှုပ်ရှားဖွယ် Trekking လမ်းကြောင်းများနှင့် သဘာဝအလှအပများ တည်ရှိနေသည်။
ကိုဗစ်အလွန်ကာလတွင် ခရီးသွားခွင့်ပြုပါက မန္တလေးတိုင်းအတွင်း နေ့ချင်းပြန်ခရီးစဉ်များ သွားလာနိုင်ရန် တင်ပြထား
ကိုဗစ်အလွန်ကာလတွင် ခရီးသွားခွင့်ပြုပါက မန္တလေးတိုင်းအတွင်း နေ့ချင်းပြန်ခရီးစဉ်များ သွားလာ နိုင်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်း (မန္တလေး)မှ  သိရသည်။