ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၇၉) ကြိမ်မြောက် ဆွမ်းနှင့်ငွေပဒေသာပင်များ ဆပ်ကပ်လှူဒါန်းပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကျက်သရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၇၉) ကြိမ်မြောက် ငွေပဒေသာပင်နှင့် ဆွမ်းစာရေးတံမဲ ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။