(၂၈)ကြိမ်မြောက် လားဟူတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် လားဟူစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့မှ စီစဉ်ကျင်းပသည့် (၂၈)ကြိမ်မြောက် လားဟူနှစ်သစ်ကူးပွဲတော်ကို မြို့မအားကစားကွင်း၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။