ကျိုက်မရောတွင် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
မွန်တိုင်းရင်းသားတို့၏ အလေးအမြတ် ဂုဏ်ယူတန်ဖိုးထားသည့် နေ့ထူးနေ့မြတ်ဖြစ်သော (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့် ဘုရားကြီးအတွင်းရှိ မွန်အမျိုးသားနေ့မဏ္ဍပ်၌ ကျင်းပခဲ့သည်။