မီဒီယာများနှင့် လွတ်လပ်ခွင့်
၂၀ ရာစုသည် ကမ္ဘာ့သမိုင်းတွင် ထူးခြားသည့်မှတ်တိုင်ကြီးများ အများအပြားစိုက်ထူထားခဲ့သည့် ရာစုနှစ်တစ်ခု ဖြစ်သည်။ ယင်းရာစုနှစ်အတွင်း ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ နယ်ချဲ့ကိုလိုနီလက်အောက်မှ ကမ္ဘာ့နိုင်ငံအများအပြား ပြန်လည်လွတ်မြောက်လာကြသည်။ လက်ဝဲ လက်ယာ အယူဝါဒကြီးနှစ်ရပ် အားပြိုင်ပြီး စစ်ရေးတည်ဆေ