ချင်းအမျိုးသားနေ့အခမ်းအနားကို ဖလမ်းမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ဖလမ်း ၉ ဖေဖော်ဝါရီ
နှစ်(၇ဝ)ပြည့် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ဖလမ်းမြို့ ဟရန်ထီးယို အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ပွဲဖြစ်မြောက်ရေးကော်မတီက စီစဉ်လျက်ရှိကြောင်း သိရသည်။