ဟိုပုံး၊ ဝိုင်းမော်၊ဆီဆိုင်၊ နန်းယွန်းနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၈၆ ဒသမ ၇၅ ဧကဖျက်ဆီး
နေပြည်တော် ၂၉ ဒီဇင်ဘာ
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၈ ရက်တွင်ဟိုပုံးမြို့နယ်၊ ဟွေ့လုံကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အား ဖျက်ဆီးခဲ့သည်။