ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ငါးထပ်ကြီးဘုရားနှင့် ခြောက်ထပ်ကြီးဘုရား ယာယီပိတ်ထား
လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ငါးထပ်ကြီးဘုရားအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ ကြေညာချက် ထုတ်ပြန်လိုက်သည်။ 
မြိတ်၌ ပင်လယ်ပြင်မှ ပြန်လည်ဝင်ရောက်လာသည့်  ငါးဖမ်းလှေများ၊ ငါးသယ်လှေများရှိ ရေလုပ်သားများအား ကျန်းမာရေး စတင်စစ်ဆေး
မြိတ်မြို့တွင်  မြန်မာ့ပင်လယ်ပြင် ငါးဖမ်းကွက်များမှ ပြန်လည်ဝင်ရောက်လာသော  ငါးဖမ်းလှေများ၊ ငါးသယ်လှေများရှိ ရေလုပ်သားများအား ယနေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းတို့ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးခြင်းကို စတင်ဆောင်ရွက်လျက်ရှိသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဝက်ဝံ ၁ ကောင်တွေ့ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဧပြီ ၃ ရက် နံနက်ပိုင်းက ဝက်ဝံ(အမ) တစ်ကောင် တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးအတွက် မန္တလေးမြို့ အပန်းဖြေသူ များပြားသည့် ၆၆ လမ်း ကျုံးအရှေ့ဘက်ကို ပိတ်ပင်ထား (Photo-News)

 (ဓာတ်ပုံ-ဖြိုးအိ)

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မြန်မာ့စီးပွားရေးဘဏ် မွန်ပြည်နယ်ရုံးနှင့်  ဘဏ်ခွဲ(၁)(၂) တို့အား ပိုးသတ်ဆေးပက်ဖျန်း
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ် မွန်ပြည်နယ်ရုံးနှင့် ဘဏ်ခွဲ(၁)၊ (၂)တို့အား ပိုးသတ်ဆေးပက်ဖျန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။