ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ စီမံကိန်းတာဝန်ခံနှင့် အဖွဲ့နှင့်  Video Conferencing ဖြင့် ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှုအေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001  မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator , Mr. Geert De Bruycker နှင့်အဖွဲ့အား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ဆွေးနွေးသည်။
အသိပေးနှိုးဆော်ချက်

၁။    နိုင်ငံ၏ အခြေခံစားနပ်ရိက္ခာဖြစ်သော ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများ စ

မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီသို့  လက်သန့်ဆေးရည်နှင့် ဆပ်ပြာရည်များလှူဒါန်း
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် လက်သန့်ဆေးရည်နှင့် ဆပ်ပြာရည်ဘူးများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းအတွက် အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးကြသော ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အလှူငွေကျပ်သိန်း နှစ်ထောင်ကျော်နှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးကြသော ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခန်းမ၌ ကျင်းပပြုလုပ်သည်။
သာစည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်  ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ခရိုင်ကော်မတီဝင်များ ကွင်းဆင်းကြည့်ရှု
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန   ခရိုင်ဦးစီးမှူး ဦးစိုးသိန်း ခေါင်းဆောင်သော အဖွဲ့သည်  ယနေ့ နံနက် ၁၀ နာရီက   သာစည်မြို့နယ် ပြည်သူ့ဆေးရုံနှင့် Community Base Facility Quarantine  ဆောင်ရွက်ထားရှိမှုများကို  လိုက်လံကြည့်ရှုပြီး  မြို့နယ်မှ တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
နေပြည်တော်ကောင်စီသို့ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးပစ္စည်းများ လာရောက်လှူဒါန်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ယနေ့နံနက် (၁၀) နာရီခွဲတွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလ ုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် GRAND ROYAL Group International Co.,Ltd မှ ဦးမင်းရှိန် နှင့်အဖွဲ့က လက်သန့်ဆေးရည် (Hand Sanitizer) 500ml (၉၅၀) ဘူးအား လာရောက်လှူဒါန်းရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ကိုဗစ် - ၁၉ ကာလအတွင်း ဆောင်ရွက်ထားရှိချက်များ (Tariff)