ချစ်သူရရှိသွားပြီလို့ လေဒီဂါဂါ ဝန်ခံပြောကြား
ဖေဖော်ဝါရီ ၃ ရက်မှာတော့ ပေါ့အဆိုတော် လေဒီဂါဂါဟာ ချစ်သူရရှိ သွားပြီဖြစ်ကြောင်းကို သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ကြေညာခဲ့ပါတယ်။ အခုဆိုရင် မိုက်ကယ်ပိုလန်စကီးနဲ့တွဲနေပြီလို့ တရားဝင် အသိပေးခဲ့ပါတယ်။ မိုင်ယာမီကို သွားတုန်းကလည်း ပျော်ရွှင်စရာအချိန်တွေ အများကြီးရခဲ့ပြီး ချစ်သူနဲ့အတူ တွဲရိုက်ထားတဲ့ပုံကိုလည်း ပြသခဲ့ပါတယ်။