မြိတ်မြို့တွင် လေးခုမြောက် Fever Clinic ဖျားနာ အခမဲ့ဆေးကုသခန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်အတွက် လေးခုမြောက် Fever Clinic အခမဲ့ ဖျားနာဆေးကုသခန်းကို  မြိတ်တောင်နယ်မြေ ဦးမြတ်လေးလမ်း အထက မြို့သစ်ကျောင်းအရှေ့တွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်မြို့နယ်)၊ မြိတ်ဒေသကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအရပ်ဖက် ပူးပေါင်း ကော်မတီတို့ ပူးပေါင်း၍ မေလ(၂၆) ရက်နေ့က ဖွင့်လှစ်ခဲ့
ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ထန်တလန်မြို့နယ် ပြည်သူများအား Mask (၃၀ဝ) အခမဲ့ဖြန့်ဝေခြင်းနှင့် ပိုစတာများကပ်ခြင်း လုပ်ငန်းများဆောင်ရွက်
ချင်းပြည်နယ် ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မေလ ၂၇ ရက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား Mask (၃၀ဝ )အခမဲ့ဖြန့်ဝေခြင်းနှင့် ပိုစတာများ ကပ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့
ကျောက်ပန်းတောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆီးချိုသွေးချိုနှင့်  သွေးတိုးဝေဒနာရှင်များအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရှိဆီးချို၊ သွေးချိုနှင့်သွေးတိုးဝေဒနာရှင်များအား၊ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျှက်ရှိရာ၊ မေ(၂၇)ရက်က ကျန်းမာရေး စစ်ဆေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးနေမှုကို၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့
ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ PMG အရက်ချက်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ စက်မှု(၁)လမ်းနှင့် အင်ကြင်းမြိုင် လမ်းထောင့်ရှိ မြေတိုင်း(၄၂)၊ အကွက်အမှတ်(၆၃/၆၄)ပေါ်ရှိ ပိုင်ရှင် ဦးမြင့်အောင် ပိုင်ဆိုင်သည့် PMG အရက်ချက်စက်ရုံ၌ ယနေ့ နံနက် ဝ၀ နာရီ မိနစ် ၅၀  က မီးလောင်မှု ဖြစ်ပွားခဲ့
မွန်းလွဲပိုင်း ရွှေဈေး
မေ ၂၇ ရက်  မွန်းလွဲပိုင်းရန်ကုန်စတော့ အိတ်ချိန်းရှယ်ယာ ဈေးနှုန်းများ