ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းနှင့် ငလျင်ဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် “ကိုဗစ်-၁၉ ရောဂါ အသိပညာပေး” သတင်းစကားလက်ကမ်းစာစောင် နှင့် “ငလျင်ဘေး အသိပညာပေး” လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက  ချောင်းဆုံ မြို့နယ်သို့ သွားရောက် ဖြန့်ဝေခဲ့
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဖြင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများပေးအပ်လှူဒါန်း
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးဆက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသုံးပြုနိုင်ရေး ရည်ရွယ်ချက်များဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ် သမဝါယမအသင်းများမှ ကိုယ်တိုင်ချုပ်၊ ထုတ်လုပ်သော ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း Mask၊ လက်သန့် ဆေးရည်၊ ဘက်စုံသုံး ဆပ်ပြာဆီများကို ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းခြင်းကို မေလ(၂၆) ရက်နေ့၊ နံနက်(၉) နာရီက ကရင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနရရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်
မုဒုံမြို့၌  ပြန်လည်ဖွင့်လှစ်ခွင့်ရသည့်အလုပ်ဌာနများမှအလုပ်သမားများအား ဆက်လက်၍ လူမှုဖူလုံရေး ထောက်ပံ့ကူညီ
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးပြီး ပြည်နယ်အစိုးရအဖွဲ့ ၏ အမိန့်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့်ရရှိသော လူမှုဖူလုံရေးတွင်အကျုံးဝင်သည့်အလုပ် ဌာနသုံးခုမှ မှတ်ပုံတင်ထားသည့် အလုပ်သမား  ၁၅၈ ဦးကို  လူမှုဖူလုံရေးထောက်ပံ့ ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်လူမှုဖူလုံရေးရုံးတွင် ထောက်ပံ့ကြေး ပေးအပ်ခဲ့
မိတ္ထီလာခရိုင်အတွင်း အသုံးပြုလျက်ရှိသည့် မီတာများအား လူနဲ့ ဖတ်ရှုသည့်စနစ်မှ Hand Held Unit စက် ဖြင့် ယခုလမှ စတင်၍ ဖတ်ရှုနိုင်ရေး သင်တန်းဖွင့်လှစ် ပို့ချ
မိတ္ထီလာခရိုင်အတွင်း အသုံးပြုလျက်ရှိသည့် မီတာများအား လူနဲ့ဖတ်ရှုသည့်စနစ်မှ Hand Held Unit စက်ဖြင့် ယခုလမှ စတင်၍ ဖတ်ရှုနိုင်ရေး ယနေ့ နံနက်ပိုင်း ခရိုင်လျှပ်စစ်မန်နေဂျာရုံးတွင် သင်တန်း ဖွင့်လှစ်၍ သင်ကြားပို့ချလျက်ရှိကြောင်း သိရ
မြောက်ဦးမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး တိုက်ပွဲရှောင်ပြည်သူများ နေထိုင်ရာ နေရာများသို့သွားရောက်၍ အဘိတ်ဆေးခပ်ပေး
ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပေါ်စေ ရန် အတွက် ကြိုတင်ကာကွယ်ရေး အနေဖြင့် မြောက်ဦးမြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ သည် ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် တိုက်ပွဲရှောင်ပြည်သူ များနေထိုင်ရာ နေရာများသို့ သွားရောက်၍ အဘိတ်ဆေးများခပ်ပေးခြင်း၊ သွေးလွန်တုတ်ကွေး ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရ
စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ကျန်းမာရေးဆိုင်ရာ သတိပေးချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချရေး လိုက်လံအသိပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ ကာလကြောင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေခဲ့ရာ ပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်မှုနည်း စေပြီး စိတ်သက်သာမှုရရှိစေရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည် ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်း နှင့်အညီ ပြင်ဆင်နိုင်ရေးအတွက် လိုက်လံအသိပေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရ