ဆူရှီစားလို့ ဘာဖြစ်တယ်၊ ငါးအစိမ်းတွေ စားလို့ ညာဖြစ်တယ် စသဖြင့် အမျိုးမျိုးသော သတင်းတွေ တက်လာတာ ဖတ်ဖူးကြမှာပါ။ ဆူရှီကို အသားပေးစားတဲ့ ဂျပန်တွေကတော့ ကမ္ဘာပေါ်မှာ အသက် အရှည်ဆုံး လူမျိုးတွေလို့တောင် အသိအမှတ်ပြုခံထားရသေးတာ မဟုတ်လား။ ဒါဆို ဆူရှီတွေက စားသင့် တာလား။ မစားသင့်တာလား။ ဆူရှီတွေက ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရင်ကြည့်ကြည့်ရအောင်