ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ၁၃၅ မျိုးရှိသည့်အနက် ကရင်လူမျိုးများလည်း အပါအဝင် ဖြစ်ပါ သည်။ ကရင်လူမျိုးဟု ခေါ်ဆိုသော်လည်း သီးခြားခွဲထွက်နေသော မျိုးနွယ်စု ၁၁ မျိုးလည်း ရှိပါသေး၏။ ၎င်းတို့မှာ ပိုးကရင် ( မွန်ကရင် )၊ စကောကရင်၊ ဘွဲကရင်၊ ပကူးကရင်၊ တလှေပွားကရင်၊ မောနေပွားကရင်၊ ကရင်ဖြူ၊ ကရင်နီ၊ ပလေကီး ( ခလေ ချီ)၊ ပိုးကရင် ( အနောက် )၊ မိုပွား( မိုပ္ပါ ) တို့ ဖြစ်ကြပါသည်။