Latest News
နောက်ဆုံးရသတင်းများ
ရခိုင်ပြည်နယ် ဓမ္မာရုံ၌ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
21/07/19
ရခိုင်ပြည်နယ် ဓမ္မာရုံဂေါပကအဖွဲ့(ရန်ကုန်)က ကြီးမှူးကျင်းပသည့် သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ..........
ကန့်ဘလူ၌ ရထားနှင့်ကားတိုက်မိမှုကြောင့် တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ
21/07/19
ကန့်ဘလူ ၂၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က သံလမ်းကူး(ဂိတ်တံခါးမရှိ)တွင် ရထားနှင့် ကားတိုက်မိမှုကြောင့် တစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
21/07/19
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကံသာရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၁ နာရီက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တစ်ပိုင်တစ်နိုင် စက်ကိရိယာများ ဝယ်ယူအသုံးပြုနိုင်မှုကြောင့် တောင်သူများ လယ်ယာလုပ်ငန်းခွင် ပိုမိုအဆင်ပြေ
21/07/19
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေး ကိရိယာများ တစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုလာနိုင်မှုများကြောင့် ယခင်ကထက် အချိန်တိုအတွင်း လယ်ယာလုပ်ငန်းခွင်များ ပိုမိုအဆင်ပြေ လွယ်ကူမြန်ဆန်လျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့၌ ယစ်မျိုးလိုင်စင်မဲ့ အရက်ဘီယာရောင်းချသူများ ဖမ်းဆီး
21/07/19
ဟားခါး ၂၁ ဇူလိုင်
ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် သီတာစခန်းတွင် ယစ်မျိုးလိုင်စင်မဲ့ အရက်ဘီယာ ရောင်းချနေသူများအား ဟားခါးမြို့မ စခန်းမှူးမှ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဇူလိုင် ၂၀ ရက် မွန်းလွဲ ၂ နာရီက ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ စာရေးဆရာ ဖေမြင့်၏ “စိတ်ဓာတ်နှင့် နည်းနာ”စာအုပ် စာဖတ်ဝိုင်းပြုလုပ်
21/07/19
စာရေးဆရာ ဖေမြင့်၏ “စိတ်ဓာတ်နှင့် နည်းနာ” စာအုပ် စာဖတ်ဝိုင်း ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ သစ်တောဧရိယာများအတွင်း ယခုနှစ်မိုးရာသီတွင် ကျွန်းနှင့်ပျဉ်းကတိုး ဧက ၂၆၀ဝ စိုက်ပျိုးမည်
21/07/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်(၅)ခုမှမြို့နယ်(၁၃)မြို့နယ်အတွင်းရှိသစ်တောဧရိယာအတွင်း စီးပွားရေး ကျွန်း နှင့်ပျဉ်းကတိုးစိုက်ခင်းဧက ၂၆၀ဝ ကို၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်အပြီးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်၏ ပြောကြားချက်အရ သိရသည်။
မြင်းမူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်စာသင်ကျောင်း(၅)ကျောင်း ယာယီပိတ်
21/07/19
မြင်းမူ ၂၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် အခြေခံပညာ စာသင် ကျောင်း (၅)ကျောင်းကို ယနေ့ နံနက်ပိုင်းမှစပြီး ယာယီပိတ်ထားလိုက်ကြောင်း သိရသည်။
အမျိုးသားလျပ်စစ်ဓာတ်အားရှိရေးစီမံကိန်း NEP ဖြင့် ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၃ရွာတွင် လျှပ်စစ်မီး စတင်ရရှိ
21/07/19
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျှက်ရှိသော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း( NEP ) မီးစတင်