Latest News
နောက်ဆုံးရသတင်းများ
ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနား တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ
19/08/24
ရန်ကုန်၊ ဩဂုတ် ၁၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်း ဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားတက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ကြည့်ရှုစစ်ဆေး
19/08/24
နေပြည်တော် ဩဂုတ် ၁၉
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး စက်ရုံရိပ်သာခန်းမ၌ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
မြေဩဇာကော်မတီ ၏ (၄၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ
19/08/24
နေပြည်တော်၊ ဩဂုတ်၁၉
မြေဩဇာကော်မတီ၏ (၄၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
ချောင်းမငယ်ရေလှောင်တမံ၌ ယခင်နှစ် အလားတူကာလထက် ရေဧကပေ (၂၃၀၀၀) ခန့် ပိုမိုထိန်းသိမ်း သိုလှောင်နိုင်လျက်ရှိ
19/08/24
နေပြည်တော်၊ ဩဂုတ် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာအနီး၊ ချောင်းမငယ် ဆည်ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်ကို ကြည့်ရှုစစ်ဆေးသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်
19/08/24
(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ဌာန/အဖွဲ့အစည်းများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
19/08/24
နေပြည်တော် ဩဂုတ် ၁၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပူတာအိုခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာန လက်အောက်ရှိ ဌာန/အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။