Latest News
နောက်ဆုံးရသတင်းများ
မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
08/07/24
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယနေ့နံနက်ပိုင်း၌ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ မုန့်ဆိုင်များနှင့် မြို့သစ်ဈေးတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန်နှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
08/07/24
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက လူစည်ကားရာနေရာများနှင့် စာသင်ကျောင်းများတွင် လိုက်လံဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်
08/07/24
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရေပြင်အသက်ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ယမန်နေ့နံနက်က လေ့ကျင့်သရုပ်ပြသခဲ့သည်။
နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
08/07/24
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈ ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်
စားသုံးဆီဖူလုံရေးနှင့် တိရစ္ဆာန်အစားအစာ လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်သည့် ပဲပုပ်သီးနှံ
08/07/24
ဒေါက်တာ တင်မာမာဦး