Latest News
နောက်ဆုံးရသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်
26/03/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကျဲကျဲနှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်
26/03/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကျဲကျဲနှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မဟာသင်္ကြန်ရေသဘင်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေး ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး
26/03/24
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဝင်းအတွင်း ဂါလန်(၂)သိန်းဆံ့ မြေအောက် ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်နေမှု၊ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ရေ သဘင်ပွဲတော် ပြည်သူ့ရင်ပြင်ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေး ရေမှုန်ရေမွှား လျှောက်လမ်းများ၊ ရောင်စုံထီးများဖြင့် အလှဆင်နေမှု၊ ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ် တည်ဆောက်နေမှု၊ တောင်ထန်းတဲများ နေရာချထားမှု၊ ရေပိုက်များ သွယ်တန်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မဏ္ဍပ်များ ကြံ့ခိုင်ကောင်းမွန်အောင် တည်ဆောက်ရေး ဆောင်ရွက်ရန်မှာကြားပြီး ပြည်သူ့ရင်ပြင်ရေကစား မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်အတွက် ပြည်သူ့ဥယျာဉ်အတွင်းရှိ PE ရေကန်မှ ရေပိုက်များဖြင့် သွယ်တန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။