Latest News
နောက်ဆုံးရသတင်းများ
ကျွန်းစုမြို့နယ်၌ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများအတွက် နားလည်မှုလက်မှတ်ရေးထိုး
27/02/24
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း Hydro ရေအားလျှပ်စစ်နည်းပညာဖြင့် (၃)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းနှင့် Solar နေရောင် ခြည်စွမ်းအင်သုံးနည်းပညာဖြင့် (၇.၈)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/ မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co., Ltd တို့အကြား ချုပ်ဆိုသည့် နားလည်မှုမှတ်တမ်း Feasibility Study (F.S MOU) လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
27/02/24
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သမိုင်းဝင် မန်းရွှေစက်တော်ဘုရားကြီး၌ ဘုရားဖူးသူများဖြင့် စည်ကား
27/02/24
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဘုရားဖူးသူ၊ လာရောက်လေ့လာ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်ထံမှ သိရသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
27/02/24
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။