Latest News
နောက်ဆုံးရသတင်းများ
ရေနံချောင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)တို့မှ ဝန်ထမ်းများအား အသားနှင့် စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ
01/01/24
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ရေနံချောင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)တို့မှ ဝန်ထမ်းများအား အသားနှင့် စာအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါကျောင်းများသို့ သွားရောက်၍ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားနှင့် စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
တက္ကသိုလ်ပါမောက္ခချုပ်များ၏ ၂၀၂၄ ခုနှစ်၊ နှစ်သစ်မင်္ဂလာ ဆုတောင်းစကားများ
01/01/24
ဒေါက်တာတင်မောင်ထွန်း (ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်)
မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
01/01/24
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်တို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။
ပုပ္ပားတောင်ကလပ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ
01/01/24
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့က ဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပုပ္ပားတောင်ကလပ် ဘဏ္ဍာထိန်းဂေါပကအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် .................
ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချ
01/01/24
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို .................
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (တတိယ)ဆယ်ရက်ပတ်အတွင်း မိုးလေ၀သအခြေအနေ အကျဉ်းချုပ်နှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (ပထမ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ (ပျှမ်းမျှ) မိုးလေဝသအချက်အလက်ခန့်မှန်းချက်များ
01/01/24
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းခဲ့ပါသည်။
ဆံတော်ရှင် ဆူးလေစေတီတော်၌ ဥပ္ပါတသန္တိသုတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
01/01/24
ဆံတော်ရှင် ဆူးလေစေတီတော်၌ ဥပ္ပါတသန္တိသုတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်။