Latest News
နောက်ဆုံးရသတင်းများ
ပေးအပ်ထားသည့်တာဝန်များကို ကြည်သာရွှင်ပျစွာ ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး တပ်နှင့်ဒေသ၏ ကောင်းရာကောင်းကျိုးကို အကျိုးပြုနိုင်ရမည်
01/03/23
နေပြည်တော် မတ် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တောတပ်နယ်ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား အဆိုပါ ရေတပ်စခန်းဌာနချုပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကား ပြောကြား သည်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပ
28/02/23
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၈ သိန်း ဖမ်းဆီးရမိ
28/02/23
နေပြည်တော် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။