Latest News

နောက်ဆုံးရသတင်းများ

ဇန်နဝါရီလ ၂၆ ရက် မွန်းလွဲပိုင်း ရွှေဈေး

စီးပွားရေး

26/01/23

အကယ်ဒမီ မီးလင်းရွှေဈေး
2,293,800/-
(ကျပ် နှစ်ဆယ့် နှစ်သိန်း ကိုးသောင်း သုံးထောင့် ရှစ်ရာ)

ကမ္ဘာ့ရွှေဈေး 
(World Gold Price)
1 Ounce = 1947 USD$

Credit> YGEA

စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ဂါထာတော်နှင့်  ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ပြည်တွင်း

26/01/23

စစ်တွေ ဇန်နဝါရီ  ၂၆

နေပြည်တော်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင် ပင့်ဆောင်ပူဇော်ချိန်တွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း  အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ဂါထာတော်(မြန်မာပြန်)များနှင့် ဓဇဂ္ဂသုတ်ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို  ယနေ့နံနက် ၈ နာရီအချိန်ကပြုလုပ်သည်။

မြို့သစ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကလေးငယ် (၁၈၇၅၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေး( Booster )ထိုးနှံပြီးစီး

ပြည်တွင်း

26/01/23

မြို့သစ် ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသားကျောင်း သူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၉ ရက်မှစတင်၍  ကျောင်းများအလိုက် ထိုးနှံပေးလျက်ရှိရာ  ယခုအခါ  မြို့နယ်အတွင်း  ကျောင်းသားကျောင်းသူအားလုံး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် နွေစပါးဧက(၉၀၀)စိုက်ပျိုးရန်လျာထားလျက်ရှိ

ပြည်တွင်း

26/01/23

နတ်မောက်  ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်၍ ဒေသအတွင်း ဝမ်းစာဖူလုံရေးအတွက် နွေစပါးဧက(၉၀၀) စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန တာဝန် ရှိသူထံက သိရသည်။

မြိတ်ခရိုင်အတွင်းရှိ ကမ်းနီးရေပြင်ဧရိယာများတွင် တရားမ၀င် ငါးဖမ်းဆီးမှု လျော့နည်းစေရေး ရေယာဉ်များဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိ

ပြည်တွင်း

26/01/23

မြိတ် ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ကမ်းနီးရေပြင်ဧရိယာများတွင် တရားမ၀င် ငါးဖမ်းဆီးမှု လျော့နည်းစေရန် စစ်ဆေးရေးရေယာဉ်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဉီးစီးဌာနမှ သိရသည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တွင် ရက်ကန်းအတတ်ပညာ သင်တန်းများ (အခမဲ့)ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

ပြည်တွင်း

26/01/23

မိတ္ထီလာ ဇန်နဝါရီ ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင်အခွင့်အလှမ်းများ ရရှိစေရေးအတွက်  ရက်ကန်းအတက်ပညာများ စဉ်ဆက်မပြတ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့၌ ရန်ကြီးအောင်ကျောင်းတိုက် စေတီတော်ရင်ပြင်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပြည်တွင်း

26/01/23

လိပ်သို ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် တည်ထားကိုးကွယ်သည့် ရန်ကြီးအောင်စေတီတော်ရင်ပြင်ပေါ်နှင့် လမ်းဘေးတစ်လျှောက်တို့တွင် သန့်ရှင်း ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

အဖတ်များဆုံး သတင်း