Latest News

နောက်ဆုံးရသတင်းများ

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ စတင်ကျင်းပ

ပြည်တွင်း

17/03/23

နေပြည်တော် မတ် ၁၇

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို မတ် ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။ 

ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပြည်တွင်း

17/03/23

နေပြည်တော် မတ် ၁၇

ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာန၊ ပုဂ္ဂလိက၊ တောင်သူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မတ် ၁၆ ရက်က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရှမ်းပြည်နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်တွင်း

17/03/23

နေပြည်တော် မတ် ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် မတ် ၁၆ ရက်က ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၀၃) သင်တန်းဆင်းပွဲကျင်းပ

ပြည်တွင်း

17/03/23

ရန်ကုန် မတ် ၁၇

စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၀၃) သင်တန်းဆင်းပွဲကို မတ် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ကျင်းပသည်။

မော်လမြိုင်-ဘားအံ(အတ္ထရံ) မြစ်ကူးတံတား ကြံ့ခိုင်မှုအားနည်း၍ မော်တော် ယာဉ်များအား လမ်းလွှဲမှ မောင်းနှင်စေလျက်ရှိ

ပြည်တွင်း

17/03/23

မော်လမြိုင် မတ် ၁၇

မော်လမြိုင်-ဇာသပြင်-အိန္ဒုလမ်းပေါ်ရှိ  မော်လမြိုင်-ဘားအံ(အတ္ထရံ) မြစ်ကူး တံတားသည် မတ်လ  ၁၂   ရက်နေ့မှစတင်၍ တံတားကြံ့ခိုင်မှုအားနည်း‌နေပါသဖြင့် မော်တော်ယာဉ်များအား လမ်းလွှဲမှ မောင်းနှင်လျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ဓားဖြင့်ခြိမ်းခြောက်၍ ဖုန်းလုသည့် တရားခံအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

မှုခင်း

17/03/23

ကျိုင်းတုံ မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နောင်တုံကန်ပတ်လမ်းတွင် မတ် ၁၆ ရက် ည ၈ နာရီခွဲခန့်က အမျိုးသမီးငယ် တစ်ဦးအား ဓားဖြင့်ခြိမ်းခြောက်၍ ဖုန်းလုယက်မှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သည့် တရားခံအား ရဲတပ်ဖွဲ့ဝင်များက နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှု ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ပြည်တွင်း

17/03/23

စစ်တွေ မတ် ၁၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်အတူ မတ် ၁၆ ရက် ညနေပိုင်းက ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြည်နယ်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စစ်တွေမြို့၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့်ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပဲခူးမြို့၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ပြည်တွင်း

17/03/23

ပဲခူး မတ် ၁၇

ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်သည်။

အဖတ်များဆုံး သတင်း