Latest News
နောက်ဆုံးရသတင်းများ
ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ် သင်တန်းအသီးသီးသို့ တက်ရောက်ကြမည့် သစ်လွင်ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ
22/11/22
ရန်ကုန် နိုဝင်ဘာ ၂၂
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ ၏ ပထမနှစ် သင်တန်းအသီးသီးသို့တက်ရောက်ကြမည့် သစ်လွင်ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၌ hybrid စနစ်ဖြင့် ကျင်းပသည်။
"ဝ"အထူးဒေသ(၂)၊ နမ့်တစ်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စတင် ကွင်းဆင်းဆောင်ရွက်ပေး
22/11/22
ဟိုပန် နိုဝင်ဘာ ၂၂
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် "ဝ"အထူးဒေသ(၂)၊ နမ့်တစ်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စတင်ကွင်းဆင်းဆောင်ရွက်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နမ့်တစ်မြို့နယ်ခန်းမ၌ ကျင်းပသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင်ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်
22/11/22
နေပြည်တော် နိုဝင်ဘာ ၂၂
မြို့ပြများ ဘက်စုံသန့်ရှင်းသာယာလှပစေရေး အရှိန်အဟုန်မပြတ် ဆောင်ရွက်ကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ် မှာကြား
22/11/22
နေပြည်တော် နိုဝင်ဘာ ၂၂
မြို့ပြများ ဘက်စုံသန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌ ကျင်းပသည်။