Latest News
Latest News

ချောင်းဦးမြို့နယ် ကျေးရွာများရှိ ကုလားပဲစိုက်ခင်း၌ သီးနှံဖျက်ပိုး ကာကွယ်ရေး တောင်သူပညာပေး ဥကပ်ပါးနဂျီလွှတ်ပွဲပြုလုပ်
01/01/22
ချောင်းဦး ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မင်းခေါင်၊ မင်းတည်၊ မကျီးဘုတ် ကျေးရွာများရှိ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် ကုလားပဲ စိုက်ခင်းများအတွင်း ဒီဇင်ဘာ ၃၁ ရက်က ဥကပ်ပါးနဂျီလွှတ်ပွဲ ပြုလုပ်ပြီး တောင်သူများကို သီးနှံဖျက်ပိုး ကာကွယ်ရေး ပညာပေးခဲ့သည်။
မြိတ်မြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
01/01/22
မြိတ် ဇန်နဝါရီ ၁
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မြိတ်မြို့ ခရိုင်အားကစားခန်းမ၌ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက ကျင်းပခဲ့ရာ ဗိုလ်လုပွဲအဖြစ် မျိုးဆက်သစ်အသင်းနှင့် ဗဟိုခြင်းအဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

မင်းဘူးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ကျင်းပ
01/01/22
မင်းဘူး ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ခရိုင်အားကစားရုံ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်နေ့မှ ၃၀ ရက်အထိ ကျင်းပခဲ့ရာ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ
01/01/22
ကျိုင်းတုံ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ကျိုင်းဖောင်းချောင်းတွင် ပြုလုပ်သည်။

ငွေဆောင်ကမ်းခြေ၌ နှစ်သစ်ကြိုသူများဖြင့် စည်ကားခဲ့
01/01/22
ငွေဆောင် ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေတွင် လာရောက်အပန်းဖြေရင်း ၂၀၂၂ နှစ်သစ်ကို ကြိုဆိုသူများဖြင့် ဒီဇင်ဘာ ၃၁ရက် ညက စည်ကားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် နိုင်ငံသား စိစစ်ရေးကတ်ပေးအပ်ပွဲ တက်ရောက်
01/01/22
မြိတ် ဇန်နဝါရီ ၁

ပခုက္ကူမြို့၊ 7 Colour သွပ်အမိုးပြားနှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ သွပ်ပြားများ ဝယ်လိုအားနည်းပါး
01/01/22
ပခုက္ကူ ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ စက်မှုဇုန်၊ မြစ်သာလမ်းရှိ 7 Colour သွပ်အမိုးပြားနှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံမှ သွပ်ပြားချပ်ရေ ၁၂၀၀ ကျော်ခန့် လစဉ်ပုံမှန်လည်ပတ် ထုတ်လုပ်ပေးနိုင်သော်လည်း ဝယ်လိုအား နည်းပါးလာလျက်ရှိကြောင်း အဆိုပါစက်ရုံမှ သိရသည်။