ကျောက်ကြီးမြို့နယ်၌ မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
ကျောက်ကြီး ၂၅ မေ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ငထွေစုတ်ကျေးရွာအုပ်စု ဗမာမျက်ရဲကျေးရွာ၌ မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။