နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၂၀ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ မှတ်သားလိုက်နာသင့်သည့် ကင်းထောက်စိတ်ဓာတ်၊ ကျင့်ဝတ်၊ ကတိနှင့် အပြုအမူတို့ကို ရှင်းလင်းပြောကြားခဲ့သည်။