သမိုင်းထဲက ရန္တပိုကျေးရွာ၏ အိုးလုပ်ငန်းလုပ်ကိုင်ကြသူများနှင့် ရန္တပိုကျေးရွာရှိ အိုးလုပ်ငန်းအား ပြည်ပခရီးသွားများ စိတ်ဝင်စားလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ရန္တပိုကျေးရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် ကပ်လျက်တည်ရှိပြီး မြန်မာရာဇဝင်သမိုင်းတွင် ပထမ မြန်မာ - အင်္ဂလိပ် စစ်ပွဲ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့သော သမိုင်းဝင်ကျေးရွာဖြစ်သည်။ ထိုကဲ့သို့ မြန်မာ့ရာဇဝင်သမိုင်းတွင် အထင်ကရ နေရာဖြစ်သော ရန္တပိုကျေးရွာတွင် မြန်မာလူမျိုးများ အသုံးပြုလျက်ရှိကြသည့် သောက်ရေအိုးများကို အဓိကထား၍ လုပ်ကိုင်နေကြသည်ကို တွေ့မြင်ရပေမည်။