တို့တိုင်းဌာနီကို ချန်ရစ်ကာ ထွက်ခွာလေသူ

ကျွန်မကို မရှိမဖြစ်ဂျူးဟု ချစ်စနိုးခေါ်တတ်သော စာရေးဆရာမကြီး ခင်ဆွေဦး၊ ကျွန်မတို့က မေဦးဟု ချစ်မြတ်နိုးစွာ ရင်းနှီးအားကိုးစွာခေါ်သည့် ခင်ဆွေဦးသည် ၂ဝ၁၉ ခုနှစ် တော်လှန်ရေးနေ့တွင် ကျွန်မတို့ကို ထားရစ်ခဲ့လေပြီ။