လွိုင်လင်မြို့ရှိ ဟိုခိုက် အနာကြီးရောဂါသည်များအတွက် ဆရာဝန် အကူအညီများလိုအပ်နေ

လွိုင်လင် ၁ သြဂုတ်

မွန်ပြည်နယ်ဝန်ကြီးချုပ် အတ္ထရံမြစ်ကူး(စံပယ်ဂူ) တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မော်လမြိုင်  ၁ သြဂုတ်    

ဓနုဖြူမြို့နယ်တွင် မြစ်ကမ်းပါး ပြိုကျမှုကြောင့် ရွေ့ပြောင်းနေအိမ် ၃၇ လုံး ရှိမိသားစုဝင်များအား ထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကမ်းငူကြီးကျေးရွာအုပ်စု၊ ရွှေဇင်ကျွန်းကျေးရွာရှိ မြစ်ကမ်ပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းနေအိမ် ၃၇ လုံးရှိ မိသားစုဝင်များအား ဇူလိုင် ၃၁ ရက်၊ နံနက် ၁၁ နာရီခွဲက ထောက်ပံ့ကြေးပေးအပ်ခဲ့
သဘာဝဘေးကြောင့်ပျက်စီးသွားသော ရေထိန်းတံခါးနှင့်တာဘောင်ပြန်လည်ပြုပြင်

ခန္တီး ၁  သြဂုတ် 

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ယာယီပိတ်ထားသည့်ကျောင်းများအနက် စာသင်ကျောင်း ၁၀ ကျောင်း ယနေ့ ပြန်လည်ဖွင့်လှစ်
မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း ၁၄ ကျောင်း မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ယာယီပိတ်ထားခဲ့ရပြီး ယနေ့ ဩဂုတ် ၁ ရက်နေ့တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ယာယီပိတ်ထားသည့်ကျောင်းများအနက် စာသင်ကျောင်း ၁၀ ကျောင်း ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများကို ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ရုံးမှသိရ
ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာ၌ လေပြင်းတိုက်ခတ်၍ နေအိမ်များ ပြိုလဲပျက်စီး
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာ၌ ဇူလိုင် ၃၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုလဲပျက်စီးခဲ့ကြောင်းသိရ